မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာ၀န်ရှိသူများ ချမ်းမြသာစည်မြို့ အ.ထ.က(၃၀)တွင်ကျောင်းအခြေပြုကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို လာရောက်ကြည့်ရှုအားပေး

ချမ်းမြသာစည် ဇွန် ၃

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ၀ဏ္ဏကျော်ထင် ဦး‌မောင်ကိုသည် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်၁၀:၁၅နာရီအချိန်က မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃၀) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှု‌ကို လာရောက်ကြည့်ရှုအားပေးခဲ့‌ကြောင်းသိရသည်။

ရှေးဦးစွာဝန်ကြီးချုပ်သည် အ.ထ.က(၃၀) ၊အောင်ဆန်းခန်းမအတွင်း၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်း သူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား လှည့်လည်ကြည့်ရှုကာ ကလေးငယ်များအား ရင်းနှီး‌နွေးထွေးစွာဖြင့် နှုတ်ဆက် အားပေးစကားပြောကြားသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာသင်ခန်းများအတွင်းပညာသင်ကြား‌နေသော ဆရာ/ဆရာမများ၊ကျောင်းသား/သူများအား၀င်ရောက် ကြည့်ရှုအား‌ပေးခဲ့ပြီး‌နောက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံ၍ အေးချမ်းစွာပညာ သင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးကိစ္စရပ်များကို ပညာရေးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရသည်။

ခင်စိမ်း၀င်း (ပြန်/ဆက်)