နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆွေးနွေး

ပုဗ္ဗသီရိ ဇွန်  ၃

နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် အားစိုက်လုပ်ကိုင်လာ နိုင်စေရေး အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ(၃)နာရီက ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆွေးနွေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်သည် ပုဗ္ဗသီရိမြို့နယ် ရာဇဌာနီ လမ်းမကြီး မြောက်ဘက်ဘေး (လက်လုပ်တောင်ဘုရားမှ ကုမုဒြာကြာပန်းအထိ) လယ်မြေများအား လှပ်မြေမထားရှိစေရေး၊ သီးနှံများ ဧကပြည့်စိုက်ပျိုးနိုင်ရေးနှင့်လက်ရှိမြေပြင်တွင် ပဲတီစိမ်းစိုက်ပျိုး ထားရှိမှု၊ မိုးစပါးစိုက်ပျိုးရန်အတွက် ထွန်ယက်ထားရှိမှုအခြေအနေ၊ မြေပြုပြင် ထားရှိမှုအခြေအနေ တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည် များကို ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများက ရာသီဥတုပြောင်းလဲမှုနှင့် မိုးရေ ချိန်ရရှိမှုအခြေအနေများ၊ ပိုးမွှားရောဂါကျ ရောက်မှုလျော့နည်းစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဒေသနှင့်ကိုက်ညီမည့် သီးနှံများ အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်က လိုအပ်သည်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီစဉ်များအားလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)