ရန်ကင်းမြို့နယ်၌‌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရန်ကင်း ဇွန် ၃

မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများကို ယမန်နေ့မှစတင်၍ တစ်ပြိုင်တည်းဖွင့်လှစ်ရာ ရန်ကင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် အခြေခံပညာကျောင်းများကို ယမန်နေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ပြီး သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချလျက်ရှိရာ ကျောင်းသား၊ ကျောင်သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ အ‌ခြေခံပညာကျောင်းများ၌ ကျောင်းသူ၊ ကျောင်းသားများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် ကိုဗစ်-၁၉ စည်းကမ်းများ နှင့်အညီ စာသင်ခုံများနေရာချထားခြင်း၊စာသင်ချိန်များအား စနစ်တကျစီမံထားခြင်း၊ ကျောင်းကြို / ပို့ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် တားဆီးကာကွယ်ရေး အစီအမံများ စီစဉ်ထားခြင်းနှင့် ကျောင်းများဥပဓိရုပ် ကောင်းမွန်စေရေး ပြင်ဆင်ခြင်းတို့ကို ကျောင်းမဖွင့်မီ ကာလကပင် ကြိုတင်စီစဉ် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရန်အတွက် နိုင်ငံတော်က ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်များအပြင် နှာခေါင်းစည်း၊ Mask များကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ရန်ကင်းအမှတ် () အခြေခံပညာ အထက်တန်းကျောင်းတွင် တက်ရောက်မည့် ကျောင်းသူလေးတစ်ဦးကို မေးမြန်းကြည့်ခဲ့ရာ ကျောင်းသူလေး မှ ယခုလို ကျောင်းတွေပြန်ဖွင့်ပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါကြောင်း၊ ကျောင်းမှာလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေး နည်းလမ်းတွေနဲ့အညီ စနစ်တကျ စီစဉ်ထားတာကို မြင်တွေ့ရပါကြောင်း၊ ဒီနေ့ကျောင်းစဖွင့်တဲ့နေ့မှာ ကွဲကွာနေတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံခွင့်ရပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ကျောင်းပတ်ဝန်းကျင်မှာ လုံခြုံရေးဆောင်ရွက်ပေးနေတာကို မြင်တွေ့ရသဖြင့် ကျောင်းတက်နေရခြင်းကို ပူပန်စိတ်မရှိပါကြောင်းနှင့် လုံခြုံစိတ်ချရပါကြောင်းတို့ကို ပြောကြားခဲ့ပါသည်

ဆရာ၊ ဆရာမများ ကျောင်းသား၊  ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေး အဖွဲ့များပူပေါင်း၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း () ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၇) ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း (၁) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁၀) ကျောင်း၊ ကိုယ်ပိုင်အထက် တန်းကျောင်း (၁) ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း (၂) ကျောင်း၊  ဘုန်းတော်ကြီးသင် ပညာရေးကျောင်း () ကျောင်း ၊ စုစုပေါင်း (၂) ကျောင်းရှိပြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဇွန်လ ၂၆ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံသူပေါင်း ၁၄၄.၉၁ ရှိပြီး ယနေ့ ဇွန်လ ၂ ရက်နေ့အတွက် ကျောင်းအပ်နှံသူပေါင်းမှာ (၄၆၃၈ )ဦး ရှိပြီဖြစ်ကြောင်း သတင်းရသည်။

အိရွှေစင်(ပြန်/ဆက် )