လားရှိး ဇွန် ၃
လားရှိုးမြို့ အခြေခံပညာကျောင်းများ၌ ကျောင်းစတင်ဖွင့်လှစ်သည့် ဇွန်လ(၂)ရက်နေ့မှစတင်ကာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ယနေ့ နံနက်(၉)နာရီအချိန်ကစတင်ကာ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုး အထူးအဖွဲ့များက လားရှိုးမြို့ အမှတ်(၄)/(၆)/(၇)/(၈)/(၉) အခြေခံပညာအထက်တန်းကျောင်းများနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခွဲတို့၌ အသက်(၅)နှစ်မှ (၁၂)ကြားရှိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိနေကြောင်း သိရှိရသည်။
ထို့ပြင် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး၌လည်း ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီး၍ (၃)လပြည့်ပြီးသူများကိုလည်း Booster Dose ကိုလည်းဆက်လက်ထိုးနှံပေးလျက်ရှိနေကြောင်း သိရှိရသည်။
လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့်တာဝန်ရှိသူများကလည်း အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများ ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)