လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အ​တွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

လှိုင်သာယာ(အနောက်ပိုင်း) ဇွန် ၃

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လှိုင်သာယာ(အနောက်ပိုင်း)  ‌မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက် နေ့တွင် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းများဖွင့်လှစ်မှုနှင့် ပတ်သက်၍  လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်   အနေဖြင့် အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း (၁၆) ကျောင်း၊ မူလတန်းကျောင်း (၁၄) ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၃၀) ကျောင်းရှိပါတယ်၊ ကျောင်းဖွင့်ချိန်ကို တစ်ချိန်ကျောင်းဖွင့် လှစ်ဖို့ ဆောင်ရွက်ထားသော်လည်း ကျောင်းအပ်နှံမှုများသည် ယခင်နှစ် ထက်ပိုမိုများတာဖြစ်တဲ့အတွက် တစ်နေ့ (၂)ချိန် ကျောင်းဖွင့်လှစ် ရထား‌‌‌‌ကြောင်း ကျောင်းစဖွင့်တဲ့ရက်မှာဘဲ ကျောင်းသား၊ ကျောင်းသူများစွာ တက်ရောက်ကြ‌ကြောင်း၊ ကျောင်းတက်တဲ့အခါမှာလည်း ကိုဗစ်-၁၉ လမ်းညွှန်ချက်များ နှင့်အညီ တာဝန်ကျဆရာ၊ ဆရာမများက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးညွှန်ကြားချက်များ နှင့်အညီ ဖွင့်လှစ်ပညာသင်ကြား ပေးလျက်ရှိပါတယ်ဟု မြို့နယ်ပညာရေးမှူး ကပြောကြားခဲ့ပြီး လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် ကျောင်းများစတင်ဖွင့်လှစ် သည်ရက်အတွင်းမှာပင် ကျောင်းသား၊ ကျေင်းသူ (၂၃၇၆၈) တက်ရောက်လျက်ရှိပြီး အေးချမ်း‌ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဝေလွင်ကျော်(ပြန်/ဆက်)