မော်လမြိုင် ဇွန် ၃
မွန်ပြည်နယ် အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တစ်မျိုးသားလုံး ကျန်းမာကြံခိုင်ရေးနှင့်မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အားကစားနည်းများအလိုက် ပြိုင်ပွဲများဆောင်ရွက်ပေးသလို လိုအပ်သည်များကိုလည်း ပံ့ပိုးကူညီ ထောက်ပံ့ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပြည်နယ်ကိုယ်စားပြု မြန်မာ့လက်ရွေးစင် အားကစားသမားများ၊ နည်းပညာများကိုလည်း၊ ကျန်းမာသန်စွမ်းပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန်၊ ပြည်နယ်အစိုးရအဖွဲ့မှလည်း ပြည်နယ်ဂုဏ်ဆောင် အားကစားသမားကောင်းများ မွေးထုတ်ပေးခြင်းနှင့် ပြည်နယ်အတွင်း၌လည်း အားကစားကွင်းနှင့်အားကစားဥယျာဉ်များ တည်ဆောက်ပေးကာ လူငယ်နှင့်အားကစားကဏ္ဍကို အထူးအလေးပေးပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် မွန်ပြည်နယ် အားကစားနှင့်ကာယပညာသိပ္ပံမှ ပါဝင်ယှဉ်ပြိုင်ကာ ဆုတံဆိပ်များရရှိထားကြောင်းနှင့် ထူးချွန်သည့် အားကစားသမားများကိုလည်း မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ထပ်မံဂုဏ်ပြုပေးသွားမည်ဖြစ်သလို အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အားကစား နည်း(၉)မျိုး သင်တန်းသူ၊ သင်တန်းသား (၅၇) ဦးဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုပညာသင်နှစ်တွင် သင်တန်းသား သင်တန်းသူ (၁၁၈)ဦးဖြင့် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတက်ရောက်ကြမည့် လူငယ်၊ မောင်မယ်များအနေဖြင့် လိုအပ်သည်များကို နိုင်ငံတော်အနေဖြင့် ထောက်ပံ့ပေးထားသလို ပြည်နယ်အနေဖြင့်လည်း မြို့နယ်အလိုက် အားကစားပြိုင်ပွဲများအပြင် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများအား ကျင်းပပေးလျက်ရှိကြောင်း၊ ယခုသင်တန်းကျောင်းသည် မြန်မာနိုင်ငံတွင် တတိယမြောက် ကျောင်းတော်ဖြစ်သည်နှင့်အညီ သင်တန်းတက်ရောက်လာကြသည့် မောင်၊ မယ်များကလည်း ထူးချွန်ထက်မြက်၍ သက်လုံကောင်းသည့် အားကစားသမားကောင်းဖြစ်ပေါ်လာစေရေး၊ ဇွဲ၊ လုံ့လ၊ ဝီရိယကို အရင်းခံ၍ နည်းပြ ဆရာ၊ ဆရာမများ သင်ယူပို့ချပေးပို့မှုကို သင်ယူကာ နိုင်ငံဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်ပေါ်လာစေရေး ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ထိုနောက် အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)မှ တာဝန်ရှိသူတစ်ဦးက ကျောင်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်