ကျောက်ပန်းတောင်းမြို့နယ်အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းနေရွယ်ကလေးငယ်များအား ကိုဗစ်-၁၉ကာကွယ်ဆေး Sinopharm များ ထိုးနှံပေး

ကျောက်ပန်းတောင်း ဇွန် ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကလေးငယ်အားလုံးကို၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) များ ထိုးနှံပေးလျက်ရှိရာ၊ ယနေ့နံနက်က သတ်မှတ်စုရပ်ကျောင်းများရှိဆေး ထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ခရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ကျောက်ပန်တောင်းမြို့နယ် အခြေခံပညာကျောင်းများရှိ၊ အသက်(၅)နှစ်မှအသက်(၁၂)အထိ ကျောင်းနေရွယ်လေးငယ်အားလုံး ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများကို ဇွန်လ(၂)ရက်နေ့ကျောင်းများ စတင်ဖွင့်လှစ်သည့် နေ့မှာပင်၊ စတင်ထိုးနှံပေးခဲ့ကြောင်းနှင့်ကျောင်းသား(၁၁၀)ဦး ကို ထိုးနှံပေးခဲ့ ကြောင်းသိရသည်။ ယနေ့တွင် ဒုတိယနေ့အဖြစ် စုရပ်များသတ်မှတ်ထိုးနှံပေးရာ၊ အမှတ်(၁)အ.ထ.က၊ အမှတ် (၂)အ.ထ.က၊ မြို့ရှေ့အ.ထ.က၊ လေးရွာ အ.ထ.ကနှင့်ရွာလုကျေးရွာ အ.ထ.က(ခွဲ)တို့တွင် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၏ အနီးကပ်ကြီးကြပ်မှုဖြင့်၊ မိမိတို့လက်အောက်ခံကျောင်းများ အလိုက် စုစည်းကာ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များပူးပေါင်း၍ ထိုးနှံပေးနေခြင်းဖြစ်‌ကြောင်းသိရသည်။ မြို့နယ်အတွင်း အခြေခံပညာကျောင်းအသီးသီးမှ အသက်(၅)နှစ်မှအသက်(၁၂)အထိ ကာကွယ်ဆေးထိုးနှံရန်လျာထား ဦးရေမှာ(၉၅၀၀)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံမှ သိရပြီး၊ အဆိုပါ ဆေးထိုးနှံပေးနေမှုအခြေအနေများကို မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့်တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြပြီး၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)