၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံပေးအပ်

ဒဂုံအရှေ့  ဇွန်   

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း သား/သမီးများအား ၂၀၂၂-၂၀၂၃ခု၊ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို အဆိုပါရုံးခန်းမ၌ ယမန်နေ့နံနက် နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသူ က အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ အခမဲ့ ကျောင်းပညာရေးစနစ်နှင့် ကျောင်းသုံးပစ္စည်းများ၊ ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများကို အခမဲ့ထောက်ပံ့ပေးလျက်ရှိရာတွင် မိဘများအနေဖြင့် မိမိတို့၏ သား/သမီးများကို ပညာသင်အရွယ်၌ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းနေပျော်စေရေး တွန်းအားပေးရန်လိုအပ်ပါကြောင်း မှာကြားခဲ့သည်။

ထို့နောက် ပညာသင်စရိတ်နှင့် စာရေးကိရိယာများ၊ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းသား/သူ ()ဦး (၈၀၀၀၀)ကျပ်၊ အထက်တန်းအဆင့် ()ဦးအတွက် (၃၀၀၀၀)ကျပ်၊ အလယ်တန်းအဆင့် ()ဦးအတွက် (၇၂၀၀၀)ကျပ်၊ မူလတန်းအဆင့် ()ဦးအား (၇၀၀၀၀)ကျပ်၊ မူကြို (KG)တန်း ()ဦးအား (၂၈၀၀၀)ကျပ် စုစုပေါင်း (၂၃)ဦးကို ငွေကျပ်(၂၈၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)