မောက်မယ် ဇွန် ၃
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူရရှိရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ယမန်နေ့နံနက်ပိုင်းမှစ၍ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ကျောင်းတက်နေပြီ ဖြစ်ကြောင်း သိရသည်။
အခြေခံပညာကျောင်းများတွင် အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်၊ အတွင်းရေးမှူး ရဲမှူးမြင့်နိုင်နှင့်အဖွဲ့ဝင် ဗိုလ်မှူးအောင်သက်မင်းတို့က ကျောင်းများ၏ လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်း၏လိုအပ်ချက်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးစုရပ်နေရာများ ကျောင်းအုပ်ကြီးများနှင့် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မောက်မယ်မြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၄)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၁)ကျောင်း၊ မူလတန်းကျောင်း(၃၅)ကျောင်း၊ မူလတန်းကျောင်းခွဲ(၄)ကျောင်း စုစုပေါင်း(၅၇)ကျောင်းရှိရာ ၂၀၂၂−၂၀၂၃ ပညာသင်နှစ်တွင်KGနှင့် Grade-1မှGrade-11အထိ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၄၂၇၉) ဦးသည် အခြေခံပညာကျောင်းများ အသီးသီးတွင် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)