ရန်ကင်း ဇွန် ၃
ရန်ကင်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ဘူတာရုံလမ်း၊ ကံဘဲ့တာဝါရှေ့တွင် မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်း၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥများကို ရပ်ကွက်နေပြည်သူများ အဆင်ပြေစွာနှင့် သက်သာစွာဝယ်ယူနိုင်ရန် လာရောက်ရောင်းချလျှက်ရှိကြောင်း သိရသည်။
ထို့နောက် စားသုံးသူပြည်သူများအနေဖြင့် စျေးသို့သွားရောက်ဝယ်ယူရန် မလိုအပ်သည့်အတွက် အချိန်ကုန် စျေးနှုန်းသက်သာစွာနှင့် ဝယ်ယူနိုင်သည့်အတွက် ကျေနပ်မှုရှိပါကြောင်းနှင့် စီစဉ်ပေးသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြည်သူတစ်ဦးမှ ပြောကြားသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်း အကူအညီဖြင့် လိုက်လံရောင်းချပေးလျက်ရာ စျေးနှုန်းသက်သာစွာ အလွယ်တကူ ဝယ်ယူနိုင်သည့်အတွက် တာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက်ပေးရကျိုးနပ်ပါကြောင်း၊ ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲကိုလည်း ဖြေရှင်းပေးရာရောက်သဖြင့် ကုသိုလ်များလည်းရရှိ၍ ကျေနပ်အားရမှုရှိပါကြောင်း ပြောကြားခဲ့သည်ကို သိရသည်။
သို့ဖြစ်ရာ လိုက်လံရောင်းချရာတွင် အဆင်ပြေမှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ ပေါင်းစပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
အိရွှေစင် (ပြန်/ဆက်)