ညောင်ဦးမြို့နယ် အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်‌-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ညောင်ဦး  ဇွန်  ၃

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်အတိုင်း ကျောင်းသားကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အအလမ်းများရရှိလာစေရန် အတူနေမိသားစုနှင့်ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန် ကျောင်းစတင်ဖွင့်လှစ်သည့် ဇွန် ၁ရက် နေ့မှစတင်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး ယမန်နေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများသို့ တက်ရောက်နေသည့် ကျောင်းသား/သူများ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်‌-၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၁)ကျောင်း၊ အထက-ခွဲ(၄၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၂၂)အလက-ခွဲ(၁၇)၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၃၀)၊ အခြေခံပညာမူလတန်းကျောင်း(၈၈) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း-ခွဲ(၈)ကျောင်း၊ ဘုန်းတော်ကြီးသင် အခြေခံပညာ မူလတန်းလွန်ကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင် အခြေခံ ပညာမူလတန်း ကျောင်း(၃) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၄)ကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေသည့် အခြေခံပညာကျောင်းများသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊က အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေးခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး သည့်နေရာများသို့ သွားရောက်ကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

ကိုကြေးမုံ