ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့သောက်သုံးရေ လှူဒါန်းခဲ့ရာ ရေဂါလံနှစ်သိန်းသုံးသောင်းကျော်လှူဒါန်းခဲ့ပြီးဖြစ်

ညောင်ဦး ဇွန်  ၃

မန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ရွာသစ်တောင်ကျေးရွာနှင့်ရွာဇီးအိုင်တဲတိုက်သို့ ဇွန် ၃ ရက် နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ (၃၂၀၀)သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်း အကျိုးတော်ဆောင်များထံက သိရသည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသောကျေးရွာများ/တဲတိုက်များသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ရွာသစ်တောင်ကျေးရွာအတွက် သောက်သုံးရေဂါလံ(၁၆၀၀)နှင့်ဇီးအိုင်တဲတိုက်အတွက် သောက်သုံးရေဂါလံ(၁၆၀၀)လှူဒါန်းပေးနိုင်ခဲ့ရာဆောင်းဦးပေါက်ရာသီမှစတင်ပြီး သောက်သုံးရေလှူဒါန်းလာသည့် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအသင်းအနေဖြင့်သောက်သုံးရေးလိုအပ်နေသောကျေးရွာများသို့ သောက်သုံးရေဂါလံ (၂၃၅၂၀၀) ဂါလံလှူဒါန်းပေးနိုင်ခဲ့ကြောင်း သောက်သုံးရေအကျိုးတော်ဆောင်များထံက သိရသည်။

ကိုကြေးမုံ