ထန်းတပင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ နှစ်သောင်းခြောက်ထောင်ကျော် တက်ရောက်ပညာသင်ကြား

ထန်းတပင်(ရန်ကုန်) ဇွန် ၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း(၁၄၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂)ကျောင်းတို့အား ယမန်နေ့မှစတင်၍ မြို့နယ်အတွင်း ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ မေလ(၂၆) ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ(၃၀၉၀၁)ဦးရှိသည့်အနက် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူဦးရေ(၂၆၆၉၉)ဦးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံမှုအနေဖြင့် အခြေခံပညာ(၁၄၉)ကျောင်းတို့တွင် အထက်တန်းအဆင့် (၁၀၂၇)ဦး၊ အလယ်တန်းအဆင့် (၆၃၆၂)ဦးနှင့် မူတန်းအဆင့်(၂၂၅၁၇)ဦး စုစုပေါင်း (၂၉၉၀၆) ရှိပြီး တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၅၇၆၅)  ဦးရှိသလို ကိုယ်ပိုင်ကျောင်း (၆)ကျောင်းတို့ တွင် မူလတန်းအဆင့်(၄၂၃)ဦး၊ အလယ်တန်းအဆင့် (၁၄၈)ဦး၊ အထက်တန်းအဆင့် (၁၇၀)ဦး စုစုပေါင်း(၇၄၁)ဦးရှိပြီး တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ(၆၈၃)ဦးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မူလတန်းအဆင့် (၂၅၄)ဦးရှိပြီး တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ ( ၂၅၁)ဦးရှိကြောင်းသိရသည်။

ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)