ရန်ကုန် ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၅၂ )၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၀) ကျောင်းတို့တွင် အခြေခံပညာ အထက်တန်း (၄၀၁၄)ဦး၊ အခြေခံပညာ အလယ်တန်း(၁၀၅၁၅)ဦး၊ အခြေခံပညာ မူလတန်း(၂၈၅၇၀)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၄၃၀၉၉)ဦး တို့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူ နေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန် ဆိုသော ပညာရေးရည်မှန်းချက်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ (၂၆)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ သတ်မှတ်ထားရှိပြီး ယနေ့ ဇွန်(၂)ရက်နေ့တွင် ကျောင်းသား/သူများ စတင်ကျောင်းတက်ရောက် ပညာသင်ယူခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဆုလှိုင် (မင်္ဂလာဒုံ)