ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲကျင်းပ

မြစ်ကြီးနား ဇွန် ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇွန် ၁ ရက်နေ့က မိုးညှင်းမြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ၊ စုပေါင်းရုံးဖွင့်ပွဲ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားများ ပေးအပ်ပွဲ၊ လူထုတွေ့ဆုံပွဲ၊ အခြေခံပညာကျောင်းအုပ်များ/ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ များကို ကျင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နံနက် ၇ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးများ၊ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှမျိုး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရရှိသူများနှင့် အတူ မိုးညှင်းစုပေါင်းရုံးရှေ့ရှိ ပြည်သူ့ပန်းခြံနှင့် အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ပြီး ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များထံ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်အတွက် ပျိုးပင်များကို ဖြန့်ဝေပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ မိုးညှင်းတပ်နယ်မှူး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တူ ကံ့ကော်ပင်နှင့် သပြေပင် ၉၀၀ တို့ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ဌာနဆိုင်ရာများအား လိုက်လံ နှုတ်ဆက်အားပေးခဲ့သည်။

ထို့နောက် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက် ပြီးစီးသည့် မြို့နယ်ပြည်သူ့ဝန်ဆောင်မှု (OSS)ရုံး (၄)ထပ် RC အဆောက်အအုံသစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ရုံးသစ်အဆောက်အအုံအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့နှင့် မိုးညှင်းတပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က အဆောက် အဦ၏ ကမ္ဗည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ စုပေါင်းရုံးအတွင်း ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ တစ်နေရာထဲတွင် တစ်ပြိုင်တည်း ဝန်ဆောင်မှုပေးနိုင်ရေး ရုံးခန်းများဖြင့် ဖွဲ့စည်းဆောင်ရွက် ထားရှိမှုတို့ကို ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ၏ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံး၏ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် အတွင်းအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသည့်/ မလုပ်ရသေးသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၁၉၀၆၁၇)ကတ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မိုးညှင်း မြို့နယ်အနေဖြင့် (၂၅၄၅၁)ကတ် ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပန်းခင်းစီမံချက် အောင်မြင်ရေး အားလုံးက တက်တက်ကြွကြွဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် မိုးညှင်းခရိုင် ခေတ္တခရိုင်ဦးစီးမှူး ဦးသောင်းထွဋ်ဦးက ပန်းခင်းစီမံချက်နှင့် ပက်သတ်၍ အကျယ်တဝံ့ သိရှိနိုင်‌ရေးနှင့် မိုးညှင်းခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ၊ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး  ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် ဧပြီလအတွင်း ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၄၂ ကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်း (၈၉)စုတို့အား ဒေသခံတိုင်းရင်းသားများထံ အသီးသီးပေးအပ်ခဲ့ကြရာ ဒေသခံမြို့မိမြို့ဖ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထိုမှတစ်ဆင့် မိုးညှင်းမြို့ စိမ်းလဲ့ရတနာခန်းမ၌ ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုပရဟိတအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေကို ကြည့်ရှုအားပေး ခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများကို ချီးမြှင့် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မိုးညှင်းမြို့ နားခါရပ်ကွက်ရှိ ဝါဆိုဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ထေကြီး ဝါကြီးဆရာတော်၊ သံဃာတော်များအား ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြပြီး အောင်သပြေရပ်ကွက်ရှိ အင်္ဂလိကန်ဘုရားကျောင်း၊ ဧမာနွေလ ဘုရားကျောင်း၊ တြိနိတီဘုရားကျောင်းနှင့် စိန့်ပက်ထရစ်ကတ်သလစ် ဘုရားကျောင်းများသို့ သွားရောက်ကာ ခရစ်ယာန်ဘုန်း‌တော်ကြီးများ၊ သင်းအုပ်ဆရာများထံ လှူဖွယ်ပစ္စည်းများနှင် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြကာ ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်မှုကို ခံယူခဲ့ ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် မြို့တော်ခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့မိ မြို့ဖများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံလူမှုပရဟိတအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်အတိုင်း ဦးတည်ဆောင်ရွက်နေမှု အခြေအနေများ၊ ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော် တည်ထောင်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် လူမှုစီးပွားစီးဘဝဖွံ့ဖြိုးတိုးတက်ရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်း ရေးအတွက် ဆွေးနွေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက နှုတ်ခွန်းဆက် အမှာ စကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိုးညှင်းခရိုင် ဒေသဆိုင်ရာအချက်အလက် များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူများက ရပ်ကွက်၊ ကျေးရွာ အုပ်စုများအတွင်း လမ်း၊ တံတားနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြဆွေးနွေး ကြရာ ပြည်နယ်ဝန်ကြီးချုပ် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် မြို့မရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ခရိုင်ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူကျောင်း (၁၉၉)ကျောင်းမှ ကျောင်းအုပ်များနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ် အခက်အခဲအကြပ်များမှ မိမိတို့ ပြည်နယ်၊ မိမိတို့နိုင်ငံအတွက် ကျန်းမာကြံ့ပြီး ပညာရည်ပြည့်ဝသည့် နိုင်ငံသားကောင်းရတနာများ ပြုစုပျိုးထောင်ပေးရာတွင် ဆရာ၊ ဆရာများအနေဖြင့် စေတနာထား သွန်သင်ဆုံးမကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူးက ကျောင်းများ ဖွင့်လှစ်နိုင်မှု၊ ကျောင်းအပ်နှံ လက်ခံဆောင် ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ ပြည်နယ် ဝန်ကြီးချုပ်က ပညာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မိုးညှင်းမြို့ ကုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး ဆေးရုံအုပ်ကြီးက ဆေးရုံဆိုင်ရာအချက်များနှင့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် လိုအပ်လျက်များ တင်ပြမှုများအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးရုံလူနာဆောင်များအတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မိုးညှင်းမြို့ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်အတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများနှင့် တွေ့ဆုံပြီး ခရိုင်အတွင်း အသားစားသုံးမှု လုံလောက်ဖူလုံစေရေး၊  မျိုးကောင်းမျိုးသန့် မွေးမြူရေးလုပ်ငန်းများ စနစ်တကျ မွေးမြူနိုင်ရေး၊ အစိုးရမှ ထောက်ပံ့ကူညီပေးရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သရုပ်ပြမျိုးထိန်းမျိုးဖြန့်ခြံ တည်ထောင်ဖွင့်လှစ်သွားမည့် အစီအစဉ်များနှင့် ပံ့ပိုးကူညီဆောင်ရွက်ပေးရန် ကိစ္စရပ်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေးလုပ်ငန်းရှင်များအတွက် မွေးမြူရေးအထောက် အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ပြည်နယ်ပြန်/ဆက်