ချောင်းဆုံ ဇွန် ၂
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက်(၅နှစ်မှ ၁၂နှစ်) ကျောင်းအခြေပြုကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံခြင်းကို ယနေ့နံနက်၉နာရီမှစတင်၍ သက်ဆိုင်ရာအခြေခံပညာကျောင်း (၁၈)ကျောင်းတွင် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံပေးခဲ့ကြသည်။
ချောင်းဆုံမြို့နယ် အခြေခံပညာကျောင်း(၁၁၁)ကျောင်း ဘုန်းတော်ကြီးပညာသင်ကျောင်း(၁)ကျောင်း စုစုပေါင်း(၁၁၂)ကျောင်းအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက်(၅နှစ်မှ၁၂နှစ်) အသက်(၁၂နှစ်မှ၁၈နှစ်)အုပ်စု နှစ်စုခွဲပြီး အသက်အရွယ်အလိုက် ကာကွယ်ဆေးများကို ဇွန်လ(၂)ရက်မှ (၁၁)ရက်နေ့အထိ) ကျောင်းအလိုက် ကာကွယ်ဆေးများကို လိုက်လံထိုးနှံပေးသွားမည်ဖြစ်သည်။
ယနေ့ပထမရက်တွင် မူလတန်းကျောင်း(၁၈)ကျောင်းအား ကာကွယ်ဆေးထိုးနှံပေးမည့် လျာထားဦးရေမှာ (၁၈၃၈)ဦးရှိကြောင်းနှင့် အဆိုပါကာကွယ်ဆေးထိုးနှံသည့် ကျောင်းများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)