ကွန်ဟိန်းမြို့၌ အသက်(၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ကွန်ဟိန်း ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီအချိန်ခန့်က အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကျန်မာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးကို ထိုးနှံပေးကာ ဆေးထိုးနှံခဲ့ပြီးသော ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံပြီးနောက် ဆက်တွဲပြဿနာ၊ အန္တရာယ်တစ်စုံတရာရှိ၊ မရှိသိရှိနိုင်ရန် နာရီဝက်စောင့်ကြည့်ပြီးမှသာ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ ဆရာမများ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ပြည့်(ကွန်ဟိန်း)