သံဖြူဇရပ်မြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်သင်ကြား

သံဖြူဇရပ်  ဇွန် ၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ထိ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်လက်ခံခဲ့ပြီး ယနေ့ ဇွန်(၂)ရက်နေ့မှ စတင်ကာ သံဖြူဇရပ်မြို့နယ်တွင်းမှ အခြေခံပညာကျောင်းများအားလုံး တည်ငြိမ်အေးချမ်းစွာဖြင့် စတင်ဖွင့်လှစ် ပညာသင်ကြားလျက်ရှိသည်။

 သံဖြူဇရပ်မြို့နယ်တွင် ထက်/လယ်/မူ အခြေခံပညာကျောင်းပေါင်း(၁၂၉)ကျောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁ ကျောင်း ကိုယ်ပိုင်အထက်တန်းကျောင်း ၂ ကျောင်း စုစုပေါင်း ကျောင်းပေါင်း (၁၃၂)ကျောင်းရှိပြီး ယခုစာသင်နှစ်တွင် ယခင်နှစ်က ကျောင်းအပ်နှံခြင်းမရှိသူများ၊ ကျောင်းတက်ရောက်ခြင်းမရှိသူများပါ လာရောက်ကျောင်းအပ်နှံ တက်ရောက်ကြကြောင်း သိရသည်။

သံဖြူဇရပ် မြို့နယ်အနေဖြင့်၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဇွန်လ(၁)ရက်နေ့ညနေပိုင်းထိ ကျောင်းအပ်နှံသူ စုစုပေါင်း(၂၈၅၄၈)ဦးရှိကြောင်းနှင့် ယနေ့ကျောင်းစတင် ဖွင့်လှစ်ရာ ကျောင်းသားကျောင်းသူများမှ တည်ငြိမ်အေးချမ်းစွာဖြင့် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အေးအေးသီ(ပြန်/ဆက်)