မိုးနဲ ဇွန် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ KG၊ Grade 1 မှ Grade 5 အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက် ၉ နာရီအချိန်က ပုလဲဆောင်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်တပ်နယ်မှူး ဗိုလ်မှူး တိုးဝင်းဖေ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆရာဝန်ကြီး ဒေါက်တာ ဇင်မီဟန်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေတို့မှ လာရောက်ကြီးကြပ်ပေးပြီး ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ စေတနာ့ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ခလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းကာ ကိုယ်အပူချိန်တိုင်းတာပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသည့် အသက်(၅) နှစ်မှ ၁၂) နှစ်ကြား ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂၅၅ ဦးကို ပထမအကြိမ် ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)