မော်လမြိုင် ဇွန် ၂
နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှု မဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှုအခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန်အတွက် အခြေခံပညာကျောင်းများအားလုံး ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်လျက် ရှိကြောင်းသိရသည်။
အခြေခံပညာကျောင်းများအား ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်နိုင်ရေး ပညာသင်ကြားရာတွင်လည်း ကျောင်းနေအရွယ်ကလေးငယ်တိုင်း ပညာသင်ယူခွင့် ရရှိစေရေးအတွက် မေလ ၂၅ ရက်မှစတင်၍ ကျောင်းအပ်နှံမှုများအား စတင်လက်ခံ ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ် အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ ထောက်ပံ့ပေးခြင်း စသည်ဖြင့် အင်တိုက်အားတိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ ဇွန်လ ၂ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။
မော်လမြိုင်မြို့နယ် တစ်မြို့နယ်လုံးတွင် ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်ပြီးသော ကျောင်းသားကျောင်းသူ စုစုပေါင်း (၄၇၄၉၁) ဦး ကျောင်းအပ်နှံပြီးကြောင်း ယခင်နှစ်ကထက် (၁၆၀၃၅) ဦးတိုးလာကြောင်း ကျောင်းဖွင့်ရက်များတွင်လည်း ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြာင်း မြို့နယ်ပညာရေးမှူး ဦး၀င်းဇော်ဦးထံမှ သိရှိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်