လှည်းကူးမြို့နယ်တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်  အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

လှည်းကူး ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ယနေ့ဇွန်လ(၂)ရက်နေ့တွင် အေးချမ်းစွာစတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၃)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(၉)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၁၀)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(၁၂)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၃၂)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၁၁၀)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၂၁)ကျောင်း၊    ကိုယ်ပိုင်ကျောင်း(၆)ကျောင်း စုစုပေါင်း(၂၁၃)ကျောင်းတို့က ကျောင်းသား၊ ကျောင်းသူ(၄၀,၂၀၅)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ပညာသင်နေမှုအခြေအနေများကို တာဝန်ရှိသူများကကြီးကြပ်ဆောင်ရွက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)