မိုးနဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားပေး

မိုးနဲ ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံကျောင်းများကို ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့ ယနေ့နံနက် ၈ နာရီခွဲ အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကို မိုးနဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအပါအဝင်၊ အခြေခံပညာမူလတန်းကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း စုစုပေါင်း (၄၇) ကျောင်းလုံး၌ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး မိုးနဲ အ.ထ.က အထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာမနှင့် ဆရာဦးကျော်စိုးမိုးစိန်တို့မှ တန်းစီကွင်းရှေ့တွင် လိုက်နာရမည့် ကျောင်းစည်းကမ်းချက်များ၊ ရှောင်ကြည်ရမည့် စည်းကမ်းချက်များကို ပြောကြားခဲ့ကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တပ်နယ်မှူး ဗိုလ်မှူးတိုးဝင်းဖေနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနီဝင်းတို့မှ စာသင်ခန်းများအတွင်း ကျောင်းသူ/ကျောင်းသားများ စာသင်ကြားနေမှုကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)