လမိုင်း ဇွန် ၂
မွန်ပြည်နယ်၊ လမိုင်းမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ မွေးကင်းစမှ ၁ နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ယနေ့နံနက် ၉ နာရီက လမိုင်းမြို့ မြို့မ(၁)ရပ်ကွက် ကျန်းမာရေးဆေးပေးခန်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကလေးငယ်များ ကိုယ်ဝန်ဆောင်မိခင်များက ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မွေးကင်းစမှ အသက်(၁)နှစ်အောက် ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလီယိုရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်း/ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအားကာကွယ် ဆေးဆက်လက်ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ဖြူဖြူအေး(ပြန်/ဆက်)