မိုင်းငေါ့မြို့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မိုင်းငေါ့ ဇွန် ၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ(၂)ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ဖွင့်လှစ်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့နံနက် မှစ၍ စတင်ဖွင့်လှစ်လျက်ရှိသည်။

မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၃၆၁)ဦး၊ အ.မ.က တာလုံကျောင်းတွင် (၁၃၄)ဦး၊ အ.မ.က မန်လုံကျောင်းတွင် (၃၆)ဦး၊ အ.မ.က ကွန်ကောက်ကျောင်းတွင် (၆၁)ဦးရှိပြီး  ကျောင်းသား/သူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း တာဝန်ရှိသူများ၏‌ ပြောကြားချက်အရ သိရသည်။

အဆိုပါ စာသင်ကျောင်းများ စတင်ဖွင့်လှစ်ရာတွင် ကျောင်းသားမိဘ၊ အုပ်ထိန်းသူများက မိမိတို့၏ ကျောင်းနေအရွယ် ကလေးသူငယ်များအား စိတ်ဓာတ်၊ စည်းကမ်း၊ ပညာတိုးတက်ကောင်းမွန်ကြစေရန် ကျောင်းတော်ကြီးဆီသို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များကလည်း သူငယ်ချင်းအပေါင်း အဖော်များနှင့်အတူ ပျော်ရွင်စွာဖြင့် ပညာသင်ယူကြလျက်ရှိကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)