ခရမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ခရမ်း ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက် ၉ နာရီမှ ခရမ်းတစ်မြို့နယ်လုံးရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများပျော်ရွှင်စွာ ပညာသင်ယူနေကြကြောင်းသိရသည်။

ခရမ်းမြို့နယ်တွင် ယမန်နေ့အထိ ကျောင်းအပ်လက်ခံထားသည့် ကျောင်းသားဦးရေစုစုပေါင်း (၂၄,၃၁၇)ဦးထိရှိပြီး ရာခိုင်နှုန်းပြည့်လွန်ကြောင်း ခရမ်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း(၁၂)ကျောင်း၊ အ.ထ.က(ခွဲ)(၆)ကျောင်း၊ အ.လ.က(၈)ကျောင်း၊ လခွဲ(၁၂)ကျောင်း၊ မူလွန်(၂၂)ကျောင်း၊ အ.မ.ကကျောင်း(၈၄)ကျောင်း စုစုပေါင်း(၁၄၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်း(ဘက)(၇)ကျောင်း စုစုပေါင်းစာသင်ကျောင်း(၁၅၁)ကျောင်းတွင် ကျောင်းအပ်နှံထားသူအားလုံး အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ကိုမင်း (ခရမ်း)