စဉ့်ကူး ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အခြေခံပညာကျောင်းများအလိုက် သတ်မှတ်စုရပ်နေရာများတွင် ယနေ့နံနက် (၉)နာရီမှ စတင်၍ ထိုးနှံပေးလျက်ရှိသည်။
စဉ့်ကူးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၄၀)ကျောင်းရှိရာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးများထိုးနှံပေးလျက်ရှိသည့် အခြေခံပညာကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့်အဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူးသော်တာထွန်း၊ ရဲမှူးသက်စိုးနှင့် ဦးထွန်းညွန့်ဦး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်သိန်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်နှင့် ဆရာ/ဆရာမများက လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)