သုံးခွမြို့နယ်အတွင်း အခြေခံပညာကျောင်းများ အေးချမ်းပျော်ရွှင်စွာ စတင်ဖွင့်လှစ်

သုံးခွ   ဇွန်  

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင်  အခြေခံပညာကျောင်းများအား ယနေ့ နံနက်ပိုင်းအချိန်မှစတင်၍ ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အရည်အသွေးပြည့်ဝသော ဆရာ/မများမှ အရည်အသွေးပြည့်ဝသော ကျောင်းသား/သူများ ပြုစုပျိုးထောင်ပေးနိုင်ရန်နှင့် လူမှုဘဝလက်တွေ့ နယ်ပယ်တွင် အသုံးဝင်မည့် အသိပညာအတွေးအခေါ်များ ရရှိစေရန်နှင့် နိုင်ငံသားတိုင်း အခြေခံပညာပြီးဆုံးသည်အထိ သင်ယူတတ်မြောက်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာစေရေးအတွက် ကျောင်းသား မိဘပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်း ပါဝင်ကြစေလိုကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်က ပြောကြားသည်။

ယနေ့ဖွင့်လှစ်သော သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရေး ကျောင်းသား/သူများအတွက် လက်ဆေးကန်များ ထားရှိပေးခြင်း၊ ခြေနင်းအမှိုက်ပုံးများ ထားရှိပေးခြင်း၊ နှာခေါင်းစည်းများ (Mask) တပ်ဆင်စေခြင်းများအပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သုံးခွမြိုနယ်တွင် အခြေခံပညာ အ..က ကျောင်း (၁၀)ကျောင်း၊ အ..က(ခွဲ) (၁၀)ကျောင်း၊ အ..က()ကျောင်း၊ အ..က(ခွဲ)()ကျောင်း၊  မူလွန်(၁၀)ကျောင်း၊ ..က(၉၇)ကျောင်း၊ အ..က(ခွဲ)()ကျောင်း၊  ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ()ကျောင်း စုစုပေါင်း (၁၅၂)ကျောင်းရှိကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် ယနေ့အထိကျောင်းအပ်နှံထားရှိသူ ကျောင်းသား/သူ (၁၉၉၂၀)၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/သူ (၆၄၃)ဦး စုစုပေါင်း (၂၀၅၆၃)ဦးရှိကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)