၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ လှည့်လည်ကြည့်ရှု့အားပေး

ရွာငံ ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် အခြေခံပညာကျောင်းများ ရာနှုန်းပြည့် ဖွင့်လှစ်နိုင်ပြီး ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာစတင်သင်ကြား‌နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု့အားပေးခဲ့ကြသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှုနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာမှုကို လှည့်လည်ကြည့်ရှု့ပြီး ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးဂရုစိုက်ကြရန်နှင့် စိတ်ချမ်းမြေ့စွာပညာရေးကို ကြိုးစားသင်ယူရန်အတွက် အားပေးစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုများကိုလည်း  ဝင်ရောက်ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။

ပြည့်ဖြိုးသန့်(ရွာငံ)