တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်

တန့်ယန်း ဇွန် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအားလုံးကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်နေပြီဖြစ်ရာ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာတက်ရောက်လျက်ရှိသည်။

အဆိုပါ အခြေခံပညာ အထက်တန်း/ အလယ်တန်း/ မူလတန်းကျောင်းများ စတင်ဖွင့်လှစ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူတို့က အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့နှင့် အခြေခံပညာကျောင်းများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးခဲ့ကြသည်။

တန့်ယန်းမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း (၁၁၈)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်းစုစုပေါင်း (၁၂၄)ကျောင်းရှိကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)