လမ်းမတော်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

လမ်းမတော်     ဇွန်   ၂

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် လမ်းမတော်မြို့နယ်တွင်  အခြေခံပညာကျောင်းများအား ယနေ့နံနက်ပိုင်းအချိန်မှစတင်၍ ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အရည်အသွေးပြည့်ဝသော ဆရာ/မများမှ အရည်အသွေးပြည့်ဝသော ကျောင်းသား/သူများ ပြုစုပျိုး‌ထောင်ပေးနိုင်ရန်၊ လူမှုဘဝလက်တွေ့နယ်ပယ်တွင် အသုံးဝင်မည့် အသိပညာ အတွေးအခေါ်များ ရရှိစေရန်၊ နိုင်ငံသားတိုင်း အခြေခံပညာပြီးဆုံးသည်အထိ သင်ယူတတ်မြောက်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာစေရေးအတွက် ကျောင်းသား မိဘပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်း ပါဝင်ကြစေလိုကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်နီလာမော် က ပြောကြားသည်။

ယနေ့ဖွင့်လှစ်သော လမ်းမ‌တော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရေး ကျောင်းသား/သူများအတွက် လက်ဆေးကန်များ ထားရှိပေးခြင်း၊ ခြေနင်းအမှိုက်ပုံးများ ထားရှိပေးခြင်း၊ နှာခေါင်းစည်းများ (Mask) တပ်ဆင်စေခြင်းများအပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

လမ်းမတော်မြိုနယ်တွင် အခြေခံပညာအ.ထ.က ကျောင်း (၂)ကျောင်း၊ အ.လ.က (၁)ကျောင်း၊ အ.မ.က (၃)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၃)ကျောင်း စုစုပေါင်း (၆)ကျောင်းရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)