ဒဂုံမြောက် ဇွန် ၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယနေ့နံနက်တွင် စတင်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ ကျောင်းသားကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ဆရာဆရာမများ၊ တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၅)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်း၊ မူလွန်ကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း(၂၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်းရှိရာ ယခုပညာသင်နှစ်တွင် ကျောင်းအပ်နှံပြီးသူ မူလတန်း(၉၃၄၁)ဦး၊ အလယ်တန်း(၄၀၉၁)ဦး၊ အထက်တန်း(၁၂၈၈)ဦး စုစုပေါင်း (၁၄၇၂၀) ဦး ရှိကြောင်းနှင့် ကျောင်းတက်ရောက်သည့် အသက်(၉)နှစ်မှ အသက်(၁၂)နှစ်အတွင်း ကလေးများကို မိဘ၏ ခွင့်ပြုချက်ဖြင့် ကိုဗစ်ရောဂါ ကာကွယ်ဆေး Sinopharm ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြင့်မြင့်ရီ