ကျောက်တံတား ဇွန် ၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများအား ယနေ့မှစတင်၍ ဖွင့်လှစ်ပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိပြီး ကျောင်းအပ်နှံမှုများကိုလည်း ဆက်လက်လက်ခံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများနှင့်အညီ ခြေနင်းလက်ဆေးဘေစင်များ ထားရှိပေးခြင်း၊ နှာခေါင်းစည်း Mask များတပ်ဆင်စေခြင်းအပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုန်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်းနှင့် မူလတန်းကျောင်း (၅)ကျောင်း စုစုပေါင်း (၇)ကျောင်းရှိကြောင်း သိရသည်။
ရွှေဇင်ခိုင် (ပြန်/ဆက်)