ပြင်ဦးလွင်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ပြင်ဦးလွင် ဇွန် 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်  မေလ ၂၆  ရက်နေ့မှ  ဇွန်လ   ရက်နေ့အထိ စတင်လက်ခံခဲ့ပြီး ယနေ့ဇွန်လ   ရက်နေ့မှစ၍  အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၅၂) ကျောင်း၊  ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၇)  ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂၉) ကျောင်း၊ စုစုပေါင်း (၁၈၈ ) ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်။

အဆိုပါ  မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ  အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျောင်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)