တံတားမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

တံတား ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက် (၉)နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိသည်။

ယနေ့တွင် တံတားမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း(၁)ကျောင်း၊ အ.မ.က(မူလွန်) ကျောင်း(၁)ကျောင်းနှင့် အ.မ.ကကျောင်း(၁)ကျောင်းအပါအဝင် ကျေးရွာ(၁၃)ရွာရှိ အခြေခံပညာကျောင်းများမှာ ပညာရေးကဏ္ဍတိုးတက်မြင့်မားလာစေရေးအတွက်     “အနာဂတ်ကောင်းဖို့ကျောင်းပြန်တက်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်တက်ကြွစွာဖြင့် လာရောက်ပညာသင်ကြားခဲ့ကြသည်။

အဆိုပါကျောင်းများဖွင့်လှစ်သင်ကြားရေးကို ဘေးအန္တရာယ်ကင်းရှင်းစေရန် သက်ဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိရာ တံတားမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်နှံထားရှိသူစုစုပေါင်း (၆၇၉)ဦးရှိပြီး တက်ရောက်သူ (၆၆၆)ဦးမှာ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မိုးဖြူလွင် (တံတား)