ဗဟန်းမြို့နယ်၌‌ ကျောင်းသား/သူများအေးချမ်းစွာ ပညာသင်ကြား

ရန်ကုန်   ဇွန် 

မြန်မာနိုင်ငံရှိအခြေခံပညာကျောင်းများကို ယ‌‌နေ့မှစတင်၍ တစ်ပြိုင်တည်းဖွင့်လှစ်ရာ ဗဟန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ပြီး သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများသင်ကြားပို့ချလျက်ရှိရာ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ အခြေခံပညာကျောင်းများ၌ ကျောင်းသူ/သားများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စာသင်ခုံများနေရာချထားခြင်း၊ စာသင်ချိန်များအား စနစ်တကျစီမံထားခြင်း၊ ကျောင်းကြို/ပို့ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအစီအမံများ စီစဉ်ထားခြင်းနှင့် ကျောင်းများဥပဓိရုပ် ကောင်းမွန်စေရေးပြင်ဆင်ခြင်းတို့ကို ကျောင်းမဖွင့်မီကာလကပင် ကြိုတင်စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရန် အတွက် နိုင်ငံတော်က ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်များအပြင် နှာခေါင်းစည်း၊ မျက်နှာအကာများကို ပံ့ပိုးပေးကြောင်း သိရသည်။

ဗဟန်းအမှတ်() အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်မည့် ကျောင်းသား မိခင်တစ်ဦးက အခုလိုကျောင်းတွေပြန်ဖွင့်ပေးတဲ့အတွက် အတိုင်းမသိဝမ်းသာပါကြောင်း၊ ကျောင်းမှာလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး နည်းလမ်းတွေနဲ့အညီ စနစ်တကျစီစဉ်ထားတာကို မြင်တွေ့ရပါကြောင်း၊ ဒီနေ့ကျောင်းစဖွင့်တဲ့နေ့ဆိုတော့ ကလေးတွေသူငယ်ချင်းတွေနဲ့ ပြန်ဆုံခွင့်ရပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ကျောင်းပတ်ဝန်းကျင်မှာ လုံခြုံရေးဆောင်ရွက်ပေးနေတာကို တွေ့ရသဖြင့် ကလေးတွေအတွက် စိတ်ချရပါကြောင်းတို့ကို ပြောကြားသည် ဆရာ/မများ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြုပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူပေါင်း၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဗဟန်းမြို့နယ်တွင် အခြေခံပညာကျောင်း (၂၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း ()ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ()ကျောင်း၊ စုစုပေါင်း (၂၈)ကျောင်းရှိပြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လျားထားကျောင်းသားဦးရေ (၆၄၃၅)ဦးရှိရာ ဇွန်()ရက်နေ့အထိ လာရောက်ကျောင်းအပ်နှံပြီးသူ (၇၁၄၈)ဦးရှိကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)