ပျဉ်းမနားမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ပျဉ်းမနား ဇွန် ၂

ပျဉ်းမနားမြို့နယ်တွင် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့ဇွန်လ(၂)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသူကျောင်းသားများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်အတွင်းမှာ အခြေခံပညာအထက်တန်းကျောင်း(၁၅)ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၉)ကျောင်း၊ မူလတန်းလွန်ကျောင်း(၃၈) ကျောင်း၊ မူလတန်းကျောင်း(၅၀)ကျောင်းနှင့် မူလတန်းကျောင်းခွဲ(၂)ကျောင်း စုစုပေါင်းအခြေခံ ပညာကျောင်းပေါင်း(၁၄၀)ရှိရာ ယနေ့ဇွန်လ(၂)ရက်နေ့မှာ ကျောင်းတွေအားလုံး စတင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် ကျောင်းစတင်ဖွင့်လှစ်တဲ့နေ့တွင် ကျောင်းများအားလုံး၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာနဲ့ တက်ရောက်ပညာသင်ယူနေလျက်ရှိကြောင်း သိရသည်။ 

ခန့်ဝင်းကျော်(မြို့နယ်ပြန်/ဆက်)