သန်လျင်မြို့နယ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

သန်လျင်   ဇွန် 

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာ ကျောင်းများကို ယနေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ကျောင်းသား/သူများ အေးချမ်းစွာ တက်ရောက်လျှက်ရှိသည်။

ယနေ့စတင်ဖွင့်လှစ်သော အခြေခံပညာကျောင်းများ အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် ပညာရေးမှုး ဦးဘသန်း၊ သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှုး ဒေါ်မြင့်မြင့်အေးတို့က လိုက်လံကြည့်ရှုကြရာ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ ဆရာ/မများက စာသင်ခန်းမများအတွင်း ပညာသင်ကြားနေမှုအား ရှင်းလင်းတင်ပြကြရာ လိုအပ်ချက်များအား ခရိုင်ပညာရေးမှုးနှင့် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။

သန်လျင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၁)ကျောင်း၊ ထခွဲ()ကျောင်း၊ အလယ်တန်းကျောင်း ()ကျောင်း၊ လခွဲ()ကျောင်း၊ မူလွန်(၃၃)ကျောင်း၊ မခွဲ()ကျောင်းတို့တွင် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)