တာမွေမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

တာမွေ     ဇွန်    

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ဆိုသည့် ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန်ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရမှ ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်() အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်()နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံတဲ့ ကလေးတွေကို သက်ဆိုင်ရာပုံစံမှာ ဖြည့်သွင်းခိုင်းပြီ မိဘအုပ်ထိန်းသူများရဲ့ သဘောဆန္ဒကိုယူပါတယ်။ ကျွန်တော်တို့ တာမွေမြို့နယ်မှာ အမှတ်() အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂၂) အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၃၄) အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်() အခြေခံပညာ မူလတန်းကျောင်း၊ GENIUS ကိုယ်ပိုင်အထက်တန်းကျောင်း စသည့် စုရပ်()နေရာခွဲပြီး ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီကိုဗစ် ကာကွယ်ဆေးထိုးတာ အလွန်ကောင်းပါတယ်။ ကလေးတွေအနေနဲ့လည်း ကိုယ့်ဆီကလည်း သူများကို ရောဂါ မကူးစက်သလို၊ အခြားသူတွေဆီကလည်း မကူးစက်နိုင်တော့ပါဘူး။ ကလေးတွေအနေနဲ့ ကာကွယ်ဆေး ထိုးထားတယ်ဆိုပြီး  နှာခေါင်းစည်းတပ်ထားဖို့တော့ လိုအပ်ပါတယ်။ ဒါကို ကလေးမိဘတွေအနေနဲ့ မိမိတို့ရဲ့ ကလေးတွေမှာ နှာခေါင်းစည်းတပ်တဲ့ အမူအကျင့်ဖြစ်လာအောင် လေ့ကျင်ပေးစေချင်ပါတယ်ဟု တာမွေမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးမောင်မောင်အေး က ဆိုသည်။

အဆိုပါ တာမွေမြို့နယ်အတွင်းရှိ အသက်()နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ()ပေအကွာမှ တန်းစီ စောင့်ဆိုင်းစေခြင်းအပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျွန်မတို့ရဲ့ ကလေးတွေကို နိုင်ငံတော်ကနေ ကိုဗစ်-၁၉ ရောဂါ မဖြစ်အောင်လို့ ကာကွယ်ဆေး ထိုးနှံပေးတဲ့အတွက် နိုင်ငံ့အကြီးအကဲများနှင့် ဒီမှာလာရောက်ထိုးနှံပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးအထူးပဲတင်ရှိပါတယ်။ ရောဂါကိုမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည် ရောဂါဖြစ်မှ ကုသခြင်းထက် ပိုထိရောက်တယ်ဆိုတဲ့ စကားအတိုင်း အခြားကလေးမိဘတွေအနေနဲ့လည်း မိမိတို့ရဲ့ ကလေးတွေမှာ ကိုဗစ်၁၉ ရောဂါ ကူးစက်မခံရစေရေးအတွက် ကာကွယ်ဆေး လာရောက်ထိုးနှံကြဖို့ တိုက်တွန်းချင်ပါတယ်ဟု ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

ထိုကဲ့သို့ တာမွေမြို့နယ်အတွင်းရှိ အသက်()နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအဆင့် ကျောင်းသား/ သူ (၁၄၃)ဦးအား ယနေ့တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်းအောင်(တာမွေ)