တကောင်း ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ယနေ့နံနက် (၉)နာရီမှ စတင်ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
တကောင်းမြို့ရှိ အခြေခံပညာအထက်ကျောင်းတွင် မူလတန်းအဆင့်( ၃၂၈)ဦး၊ အလယ်တန်းအဆင့် (၁၄၀)ဦး၊ အထက်တန်းအဆင့် (၈၀)ဦး ကျောင်းသား/သူ စုစုပေါင်း (၅၄၈)ဦး ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါအခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများ၊ ကျောင်းကော်မတီများ၊ ပြည်သူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သီရိအောင်(တကောင်း)