မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား

ရန်ကုန် ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၅၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၀)ကျောင်းတို့တွင် အခြေခံပညာအထက်တန်း(၄,၀၁၄)ဦး၊ အခြေခံပညာအလယ်တန်း(၁၀,၅၁၅)ဦး၊ အခြေခံပညာမူလတန်း(၂၈,၅၇၀)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၃,၀၉၉)ဦးတို့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်  ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဥ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်ဆိုသော ပညာရေးရည်မှန်းချက်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားရှိပြီး ယနေ့မေလ(၂)ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းတက်ရောက် ပညာသင်ယူခြင်းဖြစ်ကြောင်းကိုလည်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိသည်။

ဆုလှိုင် (မင်္ဂလာဒုံ)