ကွမ်းခြံကုန်း ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများအား ယနေ့နံနက်ပိုင်းအချိန်မှစတင်၍ ဖွင့်လှစ်၍ ပညာသင်ကြားနေလျက်ရှိကြောင်း သိရသည်။
ယနေ့ဖွင့်လှစ်သော မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရေး ကျောင်းသား/သူများအတွက် လက်ဆေးကန်များ ထားရှိပေးခြင်း၊ ခြေနင်းအမှိုက်ပုံးများထားရှိပေးခြင်း၊ နှာခေါင်းစည်းများ (Mask) တပ်ဆင်စေခြင်းများအပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကွမ်းခြံကုန်းမြိုနယ်တွင် အခြေခံပညာအ.ထ.ကကျောင်း(၈)ကျောင်း၊ အ.ထ.ကကျောင်းခွဲ(၄)ကျောင်း၊ အ.လ.က(၂)ကျောင်း၊ အ.လ.ကကျောင်းခွဲ(၂)ကျောင်း အ.မ.က(၉၇)ကျောင်း၊ အ.မ.က မူလွန်(၁၁)ကျောင်း၊ အ.မ.ကခွဲ(၁)ကျောင်း ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်း စုစုပေါင်း(၁၂၆)ကျောင်းမှ ကျောင်းသား ကျောင်းသူများ ယနေ့မှစ၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဆွေနွယ်