ကျောက်ဆည် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းတွငယမန်နေ့ညနေ(၃)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့်ကျောင်းသုံးပစ္စည်များ ထောက်ပံ့ခြင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်မျိုးသိန်းက ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ တွင်မိမိတို့ဌာန၏ ဦးတည်ချက်၊ ရည်မှန်းချက်၊လမ်းညွှန်ချက်များနှင့်အညီ နှစ်စဉ်ပြုလုပ်ခဲ့ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာတံခွန်လူရည်ချွန်ဆိုသည့်အတိုင်း ပညာသင်ယူရာတွင် ထူးချွန်ထက်မြက်သူများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်းနှင့် ယခုနှစ်တွင် ပညာသင်ထောက်ပံ့မှုအနေဖြင့် တက္ကသိုလ်တန်းနှင့်အဆင့်မြင့်အတန်း ကျောင်းသား/ကျောင်း သူ(၈) ဦး၊ အထက်တန်းကျောင်းသား/ကျောင်းသူ(၄)ဦး၊ အလယ်တန်းကျောင်သား/ကျောင်းသူ(၅)ဦး၊ မူလတန်း ကျောင်းသား/ကျောင်း သူ(၈)ဦးနှင့် မူလတန်းကြိုကျောင်းသား/ကျောင်းသူ(၆)ဦး စုစုပေါင်း (၃၁)ဦးတို့အား ပညာသင်စရိတ်များထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့ သည်။
ထို့နောက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်းက တက္ကသိုလ်တန်းနှင့်အဆင့်မြင့်အတန်းများတွင် ပညာသင်ယူမည့်ကျောင်း သား/ကျောင်းသူများကိုလည်းကောင်း၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးရဲဝင်းကအထက်တန်းအဆင့်ပညာသင်သင်ယူမည့် ကျောင်း သား/ကျောင်းသူများကိုလည်းကောင်း၊ ခရိုင်မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌဒေါ်သွဲ့ဝေလွင်က အလယ်တန်းအဆင့် ပညာသင်ယူမည့် ကျောင်းသား/ကျောင်းသူများကိုလည်းကောင်း၊ ဒုတိယကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ပပစိုးက မူလတန်းနှင့် မူကြိုတန်းများတွင်ပညာသင်ယူမည့် ကျောင်းသား/ကျောင်းသူများကိုလည်းကောင်း ပညာသင်စရိတ်နှင့်ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများထောက်ပံ့ရာတွင် တက္ကသိုလ်တန်းနှင့်အဆင့်မြင့်အတန်းတို့တွင် ပညာသင်ယူမည့်ကျောင်သား/ကျောင်းသူတစ်ဦးလျှင်ငွေကျပ်(၂)သောင်းငါးထောင်၊အထက်တန်းကျောင်းသား/ကျောင်းသူတစ်ဦးလျှင်ငွေကျပ် (၂)သောင်း၊ အလယ်တန်းကျောင်းသား/ကျောင်းသူတစ်ဦးလျှင် ငွေကျပ်(၇)ထောင့်ငါးရာ၊ မူလတန်းနှင့်မူကြိုအတန်း ကျောင်း သား/ကျောင်းသူတစ်ဦးလျှင် ငွေကျပ်(၅)ထောင် စုစုပေါင်းငွေကျပ်(၃)သိန်း၊ ရှစ်သောင်း၊ ခုနှစ်ထောင့်၊ငါးရာကျပ်နှင့် ကျောင်းသုံးပစ္စည်းများဖြစ်သည့် ကျောပိုးလွယ်အိပ်(၁၉)လုံး ဗလာစာအုပ်(၂၅)ဒါဇင်နှင့် ကွန်ပါဘူး(၁၃)ဘူးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်