ချမ်းမြသာစည် ဇွန် ၂
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ တောင်ရပ်ကွက်၊ အကွက် (၄၁၀- A)၊ ချမ်းမြသာစည် လေဆိပ်ကွင်းဟောင်းသို့ ယနေ့နံနက် (၈) နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်နှင့်အဖွဲ့သည် တရားမ၀င်ရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးထားသော မူးယစ်ဆေးဝါးများအား မီးရှိုဖျက်ဆီးသည့်အခမ်းအနား ပြုလုပ်ရန်အတွက် လာရောက်ကြည့်ရှုခဲ့ ကြောင်း သိရှိရသည်။
လာရောက်ကြည့်ရှုရာသို့ ကွင်းတာဝန်ခံ ဦးထွန်းလင်းအောင်နှင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီဝင် (၂) ဦးမြင့်ဦးတို့မှ လိုက်လံရှင်းလင်းပြသခဲ့ပြီး နံနက် (၉) နာရီခွဲတွင် ချမ်းမြသာစည်လေဆိပ်ဟောင်းကွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)