မြောက်ဥက္ကလာပ ဇွန် ၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ၂၀၂၂ ခုနှစ် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
“အဆိုပါကျောင်းများ ဖွင့်လှစ်မှုနှင့် ပတ်သက်၍ ကျမတို့ မြောက်ဥက္ကလာပအနေဖြင့် အထက်တန်းကျောင်း (၇)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၄)ကျောင်း၊ အလယ်တန်းကျောင်း (၈)ကျောင်း၊ မူလတန်းကျောင်း (၄၄)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁၀)ကျောင်း စုစုပေါင်းကျောင်းပေါင်း( ၈၄)ကျောင်း ရှိပါတယ်၊ ကျောင်းဖွင့်လှစ်တဲ့အခါမှာ အစကတော့ ကျောင်းဖွင့်ချိန်ကို တစ်ချိန်ကျောင်းဖွင့် လှစ်ဖို့ဆောင်ရွက်ထားသော်လည်း ကျောင်းအပ်နှံမှုများသည်ယ ခင်နှစ်ထက်ပိုမိုများတာဖြစ်တဲ့ အတွက် ကျောင်းသားအေရအတွက်များပြားလာပြီး၊ စာသင်ခန်းမလုံလောက်မှု၊ သင်ကြားမည့် ဆရာအင်အား မလုံလောက်မှုများကြောင့် တစ်နေ့(၂)ချိန် ကျောင်းဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ တစ်ကျာင်းနဲ့တစ်ကျောင်း ဖွင့်လှစ်ချိန်တော့မတူပါဘူး၊ ကျောင်းစဖွင့်တဲ့ရက်မှာဘဲ ကျောင်းသား၊ ကျောင်းသူများစွာတက် ရောက်ကြပါတယ်၊ ကျောင်းတက်တဲ့အခါမှာလည်း ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ကျ ဆရာ၊ ဆရာမများက အပူချိန်တိုင်းခြင်း၊ လက်ဆေး ခြင်းများ၊ Mask နှာခေါင်းစီးများ တပ်ဆင်စေခြင်းများ ဆောင်ရွက်ပေးလျှက်ရှိပြီး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိပါတယ်” ဟု မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်ကပြောကြားခဲ့ပါတယ် မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းများ စတင်ဖွင့်လှစ်သည့် ရက်အတွင်းမှာပင် ကျောင်းသား၊ ကျေင်းသူများ တက် ရောက်မှု များပြားပြီး စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
လှလှထွေး