နောင်ချို ဇွန် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ငွေများကို နောင်ချိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အဆိုပါလူမှုဝန်ထမ်း ဦးစီးဌာနရုံး၌ ယမန်နေ့ နေ့လယ်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်၊ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများဆီသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။
အသက် ၇၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ဘိုးဘွားတစ်ဦးကို တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် လူမှုရေးပင်စင်များ ထုတ်ပေးလျက်ရှိရာ နောင်ချိုမြို့နယ် သက်ကြီးဘိုးဘွားစုစုပေါင်း ၃၅၁ ဦးရှိသည့်အတွက် အဆိုပါဘိုးဘွားများ၏ ဧပြီ၊ မေ၊ ဇွန် ၃လစာအတွက် တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့ လက်ဝယ်သို့ ထုတ်ပေးခြင်းဖြစ်ကြောင်း၊ အဆိုပါ လူမှုရေးငွေများကို အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ဘိုးဘွားများလက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)