လဲချား ဇွန် ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အခြေခံပညာကျောင်းများ ကြည့်ရှု့စစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်အတွင်းရှိ ကျောင်းများကို လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
ထိုသို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မှုကို ကြည့်ရှု့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မြမြစန်းတို့မှ ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် စာသင်ခန်းများဆောင်ရွက်ထားရှိမှု၊ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ပြီ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများအား လိုအပ်ချက်များကို မေးမြန်းခဲ့ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)