မိုင်းကိုင် ဇွန် ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း ၁၂၂ ကျောင်းတွင် ယနေ့ နံနက်ပိုင်းမှစ၍ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက် ပညာသင်ကြားနေပြီဖြစ်သည်။
မိုင်းကိုင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၃)ကျောင်း၊ အလယ်တန်းကျောင်း(၂) အလယ်တန်းကျောင်းခွဲ (၇)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၅)ကျောင်း၊ မူလတန်းကျောင်း (၅၂) ကျောင်း၊ မူလတန်းကျောင်းခွဲ (၄၂) ကျောင်း၊ စုစုပေါင်း(၁၂၂) ကျောင်းရှိပြီး ၂၀၂၂−၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ကာ ယနေ့မနက်ပိုင်း ကျောင်းစတက်ချိန်အထိ တစ်မြို့နယ်လုံးရှိကျောင်းများတွင် ကျောင်းသား/ကျောင်းသူပေါင်း ၃၀၀၀ ဦးကျော် ကျောင်းသို့စတင်တက်ရောက် ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်