စဉ့်ကူး ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (၈)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ (၅)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၉)ကျောင်း၊ မူလတန်းကျောင်း (၇၀)ကျောင်း၊ မူလတန်းကျောင်း-ခွဲ (၁)ကျောင်း၊ ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း (၉)ကျောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်း (၁၀) ကျောင်း၊ စုစုပေါင်းကျောင်းပေါင်း (၁၄၀)ကျောင်းအားဖွင့်လှစ်ခဲ့ကြောင်း စဉ့်ကူးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ လုံခြုံမှုရှိစေရန်နှင့်စိတ်အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးမှူးမှအနီးကပ်စီစဉ်ကြီးကြပ်၍ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)