ငါ့သရောက် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံကျောင်းများ စတင်ဖွင့်လှစ်နေပြီး ကျောင်သား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်းကြားလျက်ရှိကြောင်းသိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဇွန်လ ၂ရက်နေ့တွင် အခြေခံကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ငါ့သရောက်မြို့တွင်လည်း အခြေခံကျောင်း (၂၆)ကျောင်းမှ ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်တက်ရောက်နေပြီ ဖြစ်ကြောင်းသိရသည်။
ကျောင်းစတင် ဖွင့်လှစ်သည့် ယနေ့တွင် ကျောင်းတိုင်း၌ ကျောင်းသားကျောင်းသူများသည် မိမိတို့ကျောင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များရှင်းလင်းခြင်း၊ မိမိတို့အခန်းအလိုက် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ခုံများစီတန်းခြင်းစသည်တို့ကို တက်ညီလက်ညီပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိသူများကလည်း ကျောင်းဝန်းအတွင်း၌ လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးဝေ (ပြန်/ဆက်)