ညောင်ဦးမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

ညောင်ဦး ဇွန် ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ညောင်ဦးမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး “ပညာသင်ခွင့်ရရှိဖို့ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်နှင့်အညီ ကလေးငယ်များအတွက် ပညာသင်ယူခွင့်ရှိနိုင်ရေးအတွက် မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၁)ကျောင်း၊ အထက-ခွဲ(၄၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂၂)အလက-ခွဲ(၁၇)၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၃၀)၊ အခြေခံ ပညာမူလတန်းကျောင်း(၈၈)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း-ခွဲ(၈) ကျောင်း၊ ဘုန်းတော်ကြီးသင်အခြေခံပညာမူလတန်းလွန်ကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင်အခြေခံပညာမူလတန်းကျောင်း(၃)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၄)ကျောင်းတို့တွင် ပညာသင်ကြားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ (၉၇၇၁)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း ညောင်ဦးမြို့နယ်ပညာရေးမှူးဒေါ်သန်းသန်းအေးက ပြောကြား၍သိရသည်။

ကိုကြေးမုံ